Myanmar Now
အများပြည်သူ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများကို အာဏာသိမ်း စစ်ကောင်စီက ဗြောင်ကျကျချိုးဖောက်၍ အပြင်းအထန် နှိမ်နင်းနေသည့်ကြားမှ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးလူထုလှုပ်ရှားမှုများ၊ အစိုးရနှင့်ပုဂ္ဂလိကဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များ နိုင်ငံအနှံ့အရှိန်ကောင်းနေဆဲဖြစ်သည်။
Published on Mar 13, 2021
ပေါင်းတည်မြို့တွင် ယမန်နေ့ (မတ် ၁၂) ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအရေးတော်ပုံတွင် ကျဆုံးသွားသူများအတွက် မီးထွန်းဂုဏ်ပြုပွဲအပြီးတွင် စစ်ကောင်စီလက်နက်ကိုင်များက နေအိမ် များအတွင်း ဝင်ရောက်ရိုက်နှက်ဖမ်းဆီးရာ လူ ၇ ဦးခန့်အရိုက်ခံရပြီး ၂ ဦးဖမ်းဆီးခံခဲ့ရ
Published on Mar 13, 2021
လှိုင်တစ်မြို့နယ်တည်းမှာပင် ယမန်နေ့ညက တိုင်းအမတ် နေအိမ်အပြင် NLD ရပ်ကျေးရုံးခန်း၊ မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌနေအိမ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့၏ နေအိမ်တံခါးများကိုလည်း ဖျက်ဆီးဝင်ရောက်ခဲ့သည်ဟု NLD အမတ်တစ်ဦးက ပြောသည်
Published on Mar 13, 2021
သေဆုံးသူနှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး တစ်ဦးမှာ ဦးခေါင်းနှင့် နောက်တစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ကျည်ဆန်ထိမှန် သေနတ်ထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်ပြီး နာမည်နှင့် အသက်အရွယ်ကိုမူ မသိရသေးပေ
Published on Mar 13, 2021
အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်နေခြင်းများကြောင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသော ရဲတပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်လာလျက်ရှိသည်ဟု သတင်းများက ဆိုသည်
Published on Mar 13, 2021
အမေရိကန်ဒေါ်လာ ၁၅ သန်း ကုန်ကျထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးဂြိုဟ်တုကို ဂျပန်နိုင်ငံမှ ဟော့ကိုင်းဒိုး တက္ကသိုလ်က တည်ဆောက်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် ပူးတွဲဆောင်ရွက်သည့် စီမံကိန်းလည်း ဖြစ်သည်
Published on Mar 13, 2021
ရန်ကုန်တိုင်း သာကေတမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်၍ ကျဆုံးသွားသူ နှစ်ဦး၏ ရုပ်အလောင်းကို သာကေတရဲစခန်းက စစ်ဆေးရန်ရှိသည်ဟုဆိုကာ တောင်းခံလာသော်လည်း မိသားစုဝင်များက ပေးပို့သွားမည်မဟုတ်ကြောင်း ပြောကြားသည်။
Published on Mar 13, 2021
အာဏာသိမ်းပြီး ငါးရက်မြောက်နေ့ကတည်းက CDM ပြုလုပ်ရန် ကြေညာခဲ့သူ ပုသိမ်ဆေးရုံအုပ်ကို ယမန်နေ့တွင် တိုင်းရဲတပ်ဖွဲ့မှူးက လာရောက်ခေါ်ဆောင်သွားပြီးနော် အဆက်အသွယ်ပျက်နေခြင်းဖြစ်ပြီး ၎င်း၏ဇနီးပါ အဆက်အသွယ်မရတော့ကြောင်း ပုသိမ်မြို့ခံများက ပြောသည်
Published on Mar 13, 2021
ဖမ်းဆီးခံသူများ ပြန်လည်လွတ်မြောက်ရေး ပြည်သူများက ဝိုင်းဝန်းတောင်းဆိုရာတွင် စစ်တပ်နှင့် ရဲများက အသင့်နေရာယူကာ ပစ်ခတ်ခဲ့သဖြင့် အမျိုးသားနှစ်ဦးမှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်
Published on Mar 13, 2021
စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ဝန်ထမ်းအိမ်ရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ မီးရထားဝန်ထမ်း ၂၆၀ ကျော်၏ အမည်စာရင်းကို ရရှိထားပြီး ပထမအသုတ်အနေဖြင့် ဝန်ထမ်းတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်
Published on Mar 13, 2021
ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မတ် ၁၁ ရက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲကို ဓာတ်ပုံရိုက်ကူးနေသည့်ပိုလန်နိုင်ငံသား Robert Biciaga ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်
Published on Mar 13, 2021
အမေရိကန်ရောက်မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးရေးကြေညာချက် (Temporary Protected Status-TPS)ကို သတ်မှတ်ပြဋ္ဌာန်းကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးက မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
Published on Mar 13, 2021













