Myanmar Now
စစ်တပ်က အာဏာသိမ်းပြီးတစ်လကျော်အချိန်တွင် အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော အရပ်သားပြည်သူများကို စစ်တပ်နှင့် ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ၊ လူမဆန်သော ရိုက်နှက်ဖမ်းဆီးမှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်နှင့်ချီသော လူများလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ လက်ရှိအချိန်တွင် ပြည်သူ့ဝန်ထမ်းများ၏ အာဏဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် သန်းနှင့်ချီသော ပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်ကောင်းနေဆဲ ဖြစ်ကာ CRPHနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကလည်း လူထုကိုကာကွယ်ပေးနိုင်မည့် နည်းလမ်းများ ပြင်ဆင်လျက်ရှိကြသည်။
Published on Mar 14, 2021
မြန်မာပြည်သူများ၏ လုပ်ဆောင်မှုများမှာ ကမ္ဘာတစ်ဝန်းမှ ချီးကျူးအားကျဖွယ်ဖြစ်သော်လည်း စစ်ကောင်စီ၏ပြောကြားချက်များနှင့် လုပ်ဆောင်ချက်များမှာ စိတ်ညစ်ညူးဖွယ်ကောင်းနေသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစီရင်ခံစာတင်သွင်းသူ Tom Andrews က ဆိုသည်
Published on Mar 14, 2021
မြန်မာစစ်တပ်သည် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ လက်စဖျောက်ခြင်းများကို လုပ်ဆောင်နေကြောင်း ကုလ အထူးအကြံပေး ကောင်စီ (SAC-M) က ယနေ့ထုတ်ပြန်ထားသည်
Published on Mar 14, 2021
ပြည်သူလူထု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအစီအမံများ အမြန်ဆုံးဖော်ဆောင်မည် ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း...
Published on Mar 14, 2021
ထပ်မံအတည်ပြုနိုင်ခဲ့သော သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ကျောင်းသားလူငယ်များကို ကူညီကယ်ထုတ်ရန်သွားရောက်ချိန်တွင် ရင်ဘတ် ထုတ်ချင်းပေါက် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းသည်
Published on Mar 14, 2021
စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ယမန်နေ့ည အစောပိုင်းတွင် နှစ်ဦးသေဆုံး ပြီးနောက် မင်္ဂလာဒုံစစ်ဆေးရုံသို့ အတင်းအဓမ္မပို့ဆောင်ခံရစဉ် နှစ်ဦးထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်
Published on Mar 14, 2021
အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြပွဲမျာတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အဆက်အသွယ်မရသေးသည့် ကျောင်းသားလူငယ် အများအပြားရှိနေကြောင်း...
Published on Mar 14, 2021
စစ်ကောင်စီလက်နက်ကိုင်များက ပြည်သူလူထုကို သတ်ဖြတ်နှိမ်နင်းနေမှုများ ရပ်တန့်ရေးအတွက် စစ်ကောင်စီနှင့် စကားပြောဆိုနိုင်ရန် စီစဉ်နေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေးနည်းလမ်းကိုလည်း တိုင်းရင်းသားခေါင်းဆောင်အချို့ စဉ်းစားနေကြောင်း ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်
Published on Mar 14, 2021
ပဲခူးမြို့ ပုဏ္ဏားစု ပင်မသပိတ်ကို ရဲနှင့်တပ်က နှစ်ဖက်ပိတ်၍ နှစ်နာရီခန့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ရင်ဘတ်ထုတ်ချင်းဖောက် သေနတ်ဒဏ်ရာဖြင့် တစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ပြီး အခြား ဒဏ်ရာရရှိများ၏ အခြေအနေကိုမူ အသေးစိတ် မသိရသေးပေ
Published on Mar 14, 2021
လက်ရှိအချိန်ထိ (၇ နာရီခန့်) စစ်ကောင်စီလက်နက်ကိုင်များက အပြင်းအထန် ပစ်ခတ်ဖြိုခွင်းနေဆဲ ဖြစ်ကာ သေဆုံးသူ ၁၄ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ စက်မှုဇုန်အတွင်းရှိ စက်ရုံအချို့မီးစွဲလောင်နေကာ ရပ်ကွက်များအတွင်း သေဆုံးဒဏ်ရာရှိသူများရှိနေသော်လည်း သွားရောက်ကယ်ဆယ်နိုင်ခြင်း မရှိဟု ဒေသခံအချို့က ပြောသည်
Published on Mar 14, 2021
မြစ်ကြီးနား- ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်နှင့် နမ္မတီးမြို့များတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို ထောက်ခံကြိုဆိုကြောင်း...
Published on Mar 14, 2021
ရင်ဘတ်ကို ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သူ အသက် ၃၀ အရွယ် ကိုကျော်လင်းထိုက်ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူ ၅ ဦးအနက် နှစ်ဦးမှာ စိုးရိမ်ဖွယ်ရာ အနေအထားရှိကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်
Published on Mar 14, 2021













