Myanmar Now
တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို စစ်ဆေးတွေ့ရှိချက်မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု တိုင်းအဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးက ဆိုသော်လည်း ထိုသို့ လက်မှတ်ထိုးပေးရခြင်း မရှိကြောင်း မြို့နယ်အဆင့် ကော်မရှင် အဖွဲ့ခွဲဝင်တစ်ဦးက ငြင်းဆိုသည်
Published on Mar 17, 2021
ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းစာများဖြစ်သည့် The Myanmar Time၊ The Voice၊ 7Day News နှင့် Eleven သတင်းစာတို့မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထုတ်ဝေခွင့်ရပ်နားထားရာမှ နောက်ဆုံးလက်ကျန်အဖြစ် ဆက်လက်ထုတ်ဝေနေသော စံတော်ချိန်သတင်းစာသည်လည်း ယနေ့တွင် ရပ်နားလိုက်ခြင်းဖြစ်သည်
Published on Mar 17, 2021
သေဆုံးသူမှာ အသက် ၂၈ အရွယ် ကိုဆွာလေ့ဟ်(ခ) ဘေတားဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ယနေ့ (မတ် ၁၇) နံနက် ၄ နာရီအချိန်တွင် သေဆုံးခဲ့ခြင်းသည်ဟု သိရသည်
Published on Mar 17, 2021
အာဏာများကို ဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် ဆန္ဒပြပြည်သူများကို စောင့်ရှောက်ကာကွယ်ပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကျေးဇူးတင်ကြောင်း CRPH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
Published on Mar 17, 2021
လမ်းပေါ်ရှိ အတာီးအဆီးများ ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး ဖယ်ရှားထား ခြင်းမရှိပါက တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးကို ဆိုင်ဆိုင် မဆိုင်ဆိုင် သေနတ်ဖြင့် ပစ်မည်ဟု လိုက်လံ အော်ဟစ်ခြိမ်းခြောက်လျက်ရှိသည်
Published on Mar 17, 2021
အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ရက်တာ အတွင်း အနည်းဆုံး အရပ်သားပြည်သူ ၁၆ ဦးကျဆုံးခဲ့သော်လည်း အာရုံဦးသပိတ်၊ ပြောက်ကျားသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ ထီးသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် ညသပိတ် စသဖြင့် ပုံစံမျိုးစုံဖြင့် အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်သည်
Published on Mar 17, 2021
လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ၄၀ ရှိနေသေးကြောင်း ဆေးရုံတာဝန်ရှိသူက ပြောကြားပြီး စစ်အုပ်ချုပ် ရေးကြေညာထားသည့် လှိုင်သာယာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ယမန်နေ့ နေ့ခင်းပိုင်းတွင် လူသုံးဦး သေဆုံးခဲ့ရပြီး ယမန်နေ့ ညပိုင်းတွင်လည်း အမျိုးသားနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်
Published on Mar 16, 2021
တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းသို့ သွားရောင်မည့် ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်များက သွားရောက်ခွင့်မပြုဘဲ ပိတ်ဆို့တားဆီးထားသည်
Published on Mar 16, 2021
ဘဏ်ဖွင့်သဖြင့် ငွေလာထုတ်သူ ၂၀ ခန့်ရောက်ရှိလာချိန်တွင် ပိုက်ဆံထုတ်မပေးသဖြင့် ငွေစာရင်းပိတ် မည်ပြောဆိုရာ နှစ်ဖက်အချင်းများပြီး ဘဏ်ဝန်ထမ်းများက စစ်တပ်ကို ဖုန်းဆက်ကာ ဖမ်းဆီးခိုင်းလိုက် ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူတစ်ဦး၏ အစ်မဖြစ်သူက Myanmar Now ကို ပြောသည်
Published on Mar 16, 2021
စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ယမန်နေ့ (မတ် ၁၅) တွင် ရန်ကုန်တွင် လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒေါပုံနှင့် မြင်းခြံ၊ မုံရွာ၊ မန္တလေး၊ သပိတ်ကျင်း၊ အောင်လံ၊ ကြို့ပင်ကောက် စသည့်မြို့နယ်များတွင် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရသည်
Published on Mar 16, 2021
လူမှုရေးဝန်ကြီးဦးနေဝင်းကို ယမန်နေ့ (မတ် ၁၅) တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပါ ပုဒ်မ ၂၅ ဖြင့် အမှုသုံးခုအတွက် တရားစွဲဆိုလိုက်သည်ဟု သိရသည်
Published on Mar 16, 2021
စစ်အုပ်ချုပ် ရေး ကြေညာထား သော ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ မြို့နယ် မှာပင် စစ်အုပ်ချုပ် ရေးကို အန်တုကာငြိမ်းချမ်းစွာဆန္ဒပြခဲ့သည် ။ Myanmar Now က ရရှိ သော စာရင်းအရ မတ် ၁၆ တွင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြ သောမြို့ ပေါင်း ၃၂ မြို့ ရှိပြီး ၊ ဖုန်းအင်တာနက်ပိတ်ထားသဖြင့် ဆက်သွယ် ရေးအခက်အခဲ ကြောင့် ဆန္ဒပြ မှုပြုလုပ်သော်လည်း ထိုအခြေအနေကို မသိရ သေး သော မြို့ များလည်းကျန်ရှိနိုင်ပါသည်
Published on Mar 16, 2021













