YZT
အကြိမ် ၁၂၀ မှ ၂၀၀ နီးပါးအထိ ခွင့်ယူသူအများဆုံး ၁၅ ဦးစာရင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၇ ဦးအထိ ပါဝင်နေပြီး ထိုခွင့်ပျက်အများဆုံး ၁၅ ဦးအနက် ၈ ဦးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံထားရသည်
Published on Dec 2, 2020
ရွာပိုင်မြေအဖြစ် ဂရန်အမည်ပေါက်ထားသော မြေနေရာကို ကျုးကျော်မှုဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာစည်းရုံးရေးမှူးပါ ၄ ဦးကို ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းပေါင်း ၄၃ ကြိမ်အထိ ဒေးဒရဲမြို့နယ်တရားရုံးတွင် စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်
Published on Dec 2, 2020
ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်းတွင် မိဘများနှင့်အတူ နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာသန်းမင်းသည် တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေသည်ဆိုကာ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၂ ခုအပြင် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅ (က) ဖြင့်ပါ အမှုဖွင့်အရေးယူခံထားရသည်
Published on Nov 20, 2020
ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် နေထိုင်သူ ၂၀၀ ကျော်သည် မြို့နယ်လျှပ်စစ်ရုံး ငွေကိုင်စာရေးမှတဆင့် မီတာခပေးဆောင်ထားပြီးဖြစ်သော်လည်း Covid-19 ကြောင့် အဆိုပါစာရေးသေဆုံးချိန်တွင် မီတာခကြွေးကျန်ရှိသည်ဆိုကာ တောင်းခံရခြင်းဖြစ်သည်
Published on Nov 18, 2020
ပြည်ခိုင်ဖြိုးပါတီကို အစဉ်အဆက်ရှုံးနိမ့်ခဲ့သည့် တကုန်းကြီးကျေးရွာတွင် ပထမဆုံးအကြိမ် NLD ပါတီက ရွေးကောက်ပွဲအနိုင်ရပြီးနောက် အကျွေးအမွေးဖြင့် အောင်ပွဲခံခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူဟု ယူဆရသူက 'ငါက ကြံ့ခိုင်ရေး၊ ငါက ကြံ့ခိုင်ရေး' ဟု အော်ဟစ်ကာ ကျောက်ခဲဖြင့် ထုသတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်
Published on Nov 12, 2020
လူထိခိုက်ခြင်းမရှိသော်လည်း ပြင်းထန်သော ဗုံးပေါက်ကွဲမှုသည် နှောင့်ယှက်ချင်သည့် သဘောဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်
Published on Nov 6, 2020
မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုကြား အငြင်းပွားမှုကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲကျင်းပရန် နိုင်ငံရေးပါတီ ၄ ခုက စာပို့တောင်းဆိုထားသည်
Published on Oct 28, 2020
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မြေနေရာကို ပရဟိတလုပ်ငန်းများအတွက် ၁၉၉၆ ခုနှစ်တွင် ယာယီအသုံးပြုခွင့် ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များထံ နှစ်ရှည်အငှားချထားခြင်းအားဖြင့် ကျပ်သိန်းပေါင်းများစွာ ရရှိနေသည်
Published on Oct 23, 2020
ကပ်ရောဂါပိုးကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချရန် ပြင်ပဆေးခန်းများတွင် ဆရာဝန်များ မထိုင်တော့ခြင်း၊ ကူးစက်မှုဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကဆေးရုံဆေးခန်းအချို့ ပိတ်ထားခြင်းကြောင့် အရေးပေါ်ကုသရန်လိုအပ်သူများ အခက်တွေ့လျက်ရှိသည်
Published on Oct 1, 2020
ကျန်းမာရေးတာဝန်ရှိသူများ၏ အဆိုအရ ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် ရန်ကုန်တွင် ဓာတ်ခွဲဌာနများ၏ အမြင့်ဆုံးစစ်ဆေးနိုင်မှုပမာဏကို ကျော်လွန်နေပြီဖြစ်သည်
Published on Sep 25, 2020
'အမေစုနိုင်ရမည်' စာသားပါသီချင်းဖွင့်သောကြောင့် စက်ဘီးဖြင့် လှည့်လည်ပန်းရောင်းသူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ရိုက်နှက်ခဲ့ခြင်းဖြစ်
Published on Sep 17, 2020
ချင်းပြည်နယ်တစ်ခုလုံးတွင် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၉၃ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၇ ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်
Published on Sep 9, 2020













