NAC
အောက်တိုဘာလအတွင်း မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲကာ ကျပ်သိန်း ၃၄၀ ဖြင့် ပြန်လွှတ်ပေးခဲ့သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်တွင်လည်း မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို မြို့လယ်၌ ဖမ်းဆီးခဲ့သည်
Published on Dec 8, 2020
နိုဝင်ဘာ ၂၄ ရက် မိုးကုတ်မြို့အနီးတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာလအတွင်းက မိုးကုတ်မြို့ပေါ်မှ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားပြီး သိန်း ၃၀၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရသည့်ဖြစ်စဉ်ရှိခဲ့သည်
Published on Dec 4, 2020
ပြန်ပေးဆွဲခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် မိုးကုတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို TNLA အဖွဲ့က ၉ ရက်ကြာ ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးခဲ့သည့်အပြင် ပြန်ပေးငွေ ကျပ်သိန်း ၆၅၀ အထိ တောင်းဆိုခဲ့သည်
Published on Dec 4, 2020
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်နှင့် မြစ်ကြီးနား၌ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြစ်ဆုံစီမံကိန်းအပေါ် ၎င်း၏ သဘောထားအမြင်အချို့ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဒေါက်တာခလန်ဆမ်ဆွန်က ပြောသည်
Published on Dec 2, 2020
ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အရေးပါသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှုကို အလေးထားဆွေးနွေးခဲ့သည်ဟု KBC ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်က ပြောသည်
Published on Dec 1, 2020
ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင်များသည် မိုးကုတ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၆ ခုနှင့် နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံလျက်ရှိပြီး စစ်ဘေးရှောင်များအခြေအနေကို မန္တလေးတိုင်းအစိုးရထံ တင်ပြကာ အကူအညီတောင်းခံသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်
Published on Nov 26, 2020
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA စစ်ကြောင်း ထိပ်တိုက်တွေ့မိခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသည်ဟု သိရသည်
Published on Nov 25, 2020
တောင်ကုတ်မြို့ပေါ်ရှိ ဘဏ်၌ မောင်နှစ်မနှစ်ဦး ငွေထုတ်ပြီး ပြန်လာရာလမ်းတွင် မျက်နှာဖုံးစွပ်ထားသော လူ ၆ ဦးက အမျိုးသားဖြစ်သူကို ရိုက်နှက်ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက ရဲစခန်း၌ တိုင်ကြားထားသည်
Published on Nov 24, 2020
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၄ ဦးအနက် ပြည်ထောင်စုအဆင့်အနိုင်ရသူ မပါဝင်ဘဲ ၃ ဦးမှာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြကာ ကျန် ၁ ဦးမှာ ပထမဆုံးအကြိမ်ရွေးကောက်ပွဲဝင်ပြိုင်သူ ဖြစ်သည်
Published on Nov 19, 2020
ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၉ တွင် ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်
Published on Nov 12, 2020
မိုးကုတ်မြို့နယ်အနီး ပုံမှန်စစ်ကြောင်းလှုပ်ရှားမှုသာ ဖြစ်ကြောင်း TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ပြောဆိုသည်
Published on Nov 11, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုကာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုစည်သူမောင်မှာ မဲရေတွက်ပြီးချိန်တွင် ခိုင်လုံမဲ တစ်သောင်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်
Published on Nov 9, 2020













