NAC
ယခုလအတွင်း ဆွေးနွေးလိုသည်ဟု သမ္မတရုံးက ပြောသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွင်း ညှိနှိုင်းရဦးမည်ဟု KIA က ပြောသည်။
Published on Jan 8, 2021
နမ္မတူမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံရာပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်
Published on Jan 5, 2021
နှစ်လခွဲကျော်ကြာ ဖမ်းဆီးခံရပြီးနောက် NLD အမတ်လောင်း သုံးဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း AA ဘက်က အတည်ပြုခဲ့ပြီး ယနေ့ မင်းပြားတွင် တပ်မတော်ဘက်သို့ လွှဲပြောင်းပေးမည် ဖြစ်သည်
Published on Jan 1, 2021
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရသာ ဖြေရှင်းစေလိုပြီး တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လည်လွှတ်ပေးခြင်းသည် လက်ရှိပြည်ထောင်စုအရေးအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားလိုက်သည်
Published on Dec 30, 2020
တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အကြား ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ မှ စတင်ကာ ရှမ်းမြောက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး လွယ်အံ့ကျေးရွာအုပ်စုမှ လူ ၆၀၀ ကျော် စစ်ရှောင်ခဲ့ရကာ ထပ်မံတိုးမြင့်လာဖွယ် ရှိနေသည်
Published on Dec 29, 2020
TNLA ‘ရန်ပုံငွေ’ အဖြစ် ငွေကျပ် ၁၅ သိန်း၊ ၁၆ သိန်း ပေးသွင်းရန် ဖုန်းမက်ဆေ့များမှတစ်ဆင့် ပေးပို့တောင်းခံထားပြီး ယင်းစာများ ပေါက်ကြားပါက ‘အရေးယူခြင်း၊ ပြန်ပေးဆွဲခြင်း၊ အိမ်တိုင်ရာရောက် မိသားစုကို တစ်ခုခုပြုလုပ်မည်’ ဖြစ်ကြောင်း ရေးသားထားသည်
Published on Dec 22, 2020
၂၀၁၉ ခုနှစ် တစ်နှစ်တည်း၌ပင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၂၆၉ ဦးရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အရေအတွက်အများဆုံးဖြစ်သည်ဟု မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိထားသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Landmine and Cluster Munition Monitor အဖွဲ့က ဆိုသည်
Published on Dec 21, 2020
တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်းလာသော ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် ၉၀ ကျော်မှာ မှော်ဘီမြို့နယ်တွင် ၁၀ လကျော် ယာယီနေထိုင်ပြီးနောက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် အခြေချနေထိုင်ရန် ကြိုးပမ်းလျက်ရှိသည်
Published on Dec 18, 2020
ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူ ၄,၀၀၀ ခန့်နှင့် ပူတာအိုရှိ စစ်ရှောင် ၈၀၀ ခန့်တို့သည် မိုင်းရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသွားသည့် ၎င်းတို့၏ မူလနေရပ်ကျေးရွာများသို့ လာမည့် ၂၀၂၁ ခုနှစ်အတွင်း ပြန်နိုင်ရန်စီစဉ်ထားသည်ဟု ကချင်လူသားချင်းစာနာမှုကော်မတီတာဝန်ရှိသူက ပြောသည်
Published on Dec 18, 2020
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ရာ နမ္မတူဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်
Published on Dec 11, 2020
တပ်မတော်နှင့် လတ်တလော ဆွေးနွေးမှုများနှင့် ပတ်သက်၍ AA အဖွဲ့က ထုတ်ဖော်ပြောကြားထားသော်လည်း အဆိုပါ တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ တပ်မတော်ဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ
Published on Dec 10, 2020
တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ကျေးရွာလေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများသည် လားရှိုးမြို့မှ မိုင် ၃၀ အကွာ မန်စံကျေးရွာရှိ ရွှေစကားဝါ မန်စံမြောက်ကျောင်းတွင် ခေတ္တခိုလှုံနေကြသည်
Published on Dec 10, 2020













