ဝင်းနန္ဒာ
“…. အေးလေ ကိုယ့်ပိုက်ဆံမဟုတ် အများပြည်သူအခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေနဲ့ သုံးနိုင်ကြပါစေ။ ယာဉ်မောင်းစရိတ်တွေ စက်သုံးဆီဖိုးတွေ ထပ်တောင်းကြအုန်းပေါ့…..” ဟု မော်တော်ယာဉ်များ ဝယ်ယူမည့် အစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ၎င်း၏ Facebookစာမျက်နှာတွင် ဝေဖန်ရေးသားသည်။
Published on Oct 7, 2019
ကျောက်တံတားမြို့နယ်တရားရုံးတွင် စက်တင်ဘာလ ၂၇ ရက်နေ့က နော်အုံးလှတို့ကို ရုံးထုတ်ရာ၌ ဗီနိုင်းများကိုင်ဆောင်ပြီး တရားရုံးအဝင်အထွက်တွင် ငြိမ်းစုစီမတင်ဘဲ ဟစ်အော်ခဲ့ခြင်းကြောင့် ဦးဆောင်သူ သုံးဦးကို အမှုဖွင့်ရခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူးက ဆိုသည်။
Published on Oct 4, 2019
တရားရုံးက ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့သော်လည်း ချုပ်ရက်သည် အဆိုပါပြစ်ဒဏ်ထက် ပိုခဲ့သည်ကို ခရိုင်တရားရုံးတွင် အယူခံတက် မေးခွန်းထုတ်မည်ဟု နော်အုန်းလှက ဆိုသည်။
Published on Oct 2, 2019
ကရင်တက်ကြွလှုပ်ရှားသူ သုံးဦးတို့သည် “ကရင့်အာဇာနည်နေ့” ဟု သုံးစွဲခဲ့ခြင်းကြောင့် အများဆုံးထောင်ဒဏ် တစ်လအထိ ချမှတ်ခံရနိုင်ခြေ ရှိသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် စုရုံး ဆန္ဒပြမည်ဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။
Published on Oct 1, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နိုင်ငံရေးကဏ္ဍမှ စစ်တပ် အပြီးအပိုင် ထွက်သွားရေးအတွက်သာ ရွတ်ဆိုခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကို ပြိုကွဲလိုသည့် ကြံစည်မှုမရှိ၍ အပြစ်မရှိဟု စွပ်စွဲခံထားရသူများက တရားခွင်တွင် ထွက်ဆိုသည်။
Published on Sep 30, 2019
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့သည့် တာမွေမြို့နယ်ရှိ အဆောက်အအုံဟောင်း မြေနေရာသည် လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက မြန်မာ့စီးပွားရေးဦးပိုင် လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီး လက်လွှဲငှားရမ်းရုံဖြင့် တစ်နှစ် ဒေါ်လာသုံးသန်းစွန်းစွန်း ဦးပိုင်က ရရှိနေသည်။
Published on Sep 27, 2019
ကရင်အာဇာနည်နေ့ဆိုသော အသုံးသည် မည်သည့်တိုင်းရင်းသားကိုမှ စော်ကားခြင်းမဟုတ်သည့်အတွက် ရန်ကုန်တိုင်း၏ “တာဝန်အရှိဆုံးလူ” က အမှုကို ပြန်ရုပ်သိမ်းပေးပြီး တောင်းလည်းတောင်းပန်သင့်သည်ဟု တရားစွဲခံရသူတစ်ဦးဖြစ်သည့် စောအဲလ်ဘတ်ချိုက ပြောသည်။
Published on Sep 27, 2019
လူသတ်မှုဖြစ်ချိန်တွင် အလုပ်လုပ်နေကြောင်း CCTV အထောက်အထားပြသနိုင်ခဲ့သော်လည်း ထိုင်းရဲတို့က နှိပ်စက် ညှဉ်း ပန်းပြီး လူသတ်တရားခံအဖြစ်အတင်းအကျပ်ဝန်ခံခိုင်းခဲ့ကြောင်း မြန်မာလုပ်သားများကဆိုသည်
Published on Sep 25, 2019
လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရသည့် အဆိုပါမြန်မာနှစ်ဦးအပေါ် ဘုရင်က သက်ညှာမည် ဆိုပါက သေဒဏ်အစား ထောင်ဒဏ်သို့ ပြောင်းလဲပေးနိုင်ဖွယ်ရှိသည်။
Published on Sep 23, 2019
ယင်းတိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မရှိသော်လည်း AA ဘက်မှ အကျအဆုံးရှိကြောင်း တပ်မတော်ဘက်က ပြောဆိုသလို တပ်မတော်ဘက်က အကျအဆုံးရှိကြောင်း AA ဘက်က ပြောဆိုသည်။
Published on Sep 20, 2019
နမ့်ဆန်တွင် တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်၍ အိမ်ထောင်ဦးစီးများက စတင် နေရပ်ပြန်နေကြပြီး မနက်ဖြန်တွင် အာလုံး နေရပ်ပြန်ကြမည်ဖြစ်ကာ စစ်ဘေးရှောင်စခန်းများလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း စခန်းတာဝန်ခံများက ဆိုသည်။
Published on Sep 18, 2019
တရားသူကြီးက လာမည့်ရုံးချိန်းတွင် ကြားနာမှုမစမီ အစည်းအဝေး ပြုလုပ်မည်ဖြစ်၍ အစည်းအဝေး ဖိတ်စာပေးရာတွင်လည်း လက်ခံရန် ငြင်းဆိုခဲ့ပြီး တရားရုံးနှင့်ပူးပေါင်းမည် မဟုတ်ကြောင်း တရားသူကြီးရှေ့၌ ၎င်းတို့က ပြောဆိုလိုက်သည်။
Published on Sep 17, 2019













