MM
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်
Published on Dec 23, 2020
အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစားရိတ်ရှင်းတမ်းများက ဆိုသည်။
Published on Dec 21, 2020
ပြည်တွင်းကုမ္ပဏီနှစ်ခုက လုပ်ကိုင်ခွင့်ရရှိခဲ့သော အဆိုပါစီမံကိန်းတွင် အသုံးပြုထားသော ပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်ဟု နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌက ဆိုသည်
Published on Dec 14, 2020
၂၀၁၅ ထက် မဲအရေအတွက် လျော့နည်းခဲ့ခြင်းမှာ ရွေးကောက်ပွဲတရားမျှတမှု မရှိသောကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံနိုင်၍ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲရလဒ်လက်ခံခြင်းမည်သော ယဉ်ကျေးမှုကို လမ်းကြောင်းပေါ်တင်ပေးခဲ့သည့် ပါတီကြီးဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးလည်း ဖြစ်သည်ဟုဆိုသည်
Published on Dec 11, 2020
ဥပဒေနှင့်မလျော်ညီဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသော်လည်း သဘာဝမျှတမှု (Natural Justice) မူသဘောကို အခြေခံ၍ သံသယများကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ကြောင်း လက်တင်ဥပဒေဆိုရိုး အကိုးအကားများဖြင့် တပ်မတော်က တောင်းဆိုထားသည်
Published on Dec 10, 2020
နာမည်ကျော်ဗစ်တိုးရီးယားအမှုတွင် နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ၆ လကျော်ကြာ အချုပ်သားဘဝဖြင့် အမှုရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီး (ခ) ကိုအောင်ကျော်မျိုးက ၎င်း၏ နစ်နာမှုအတွက် ကျပ်သိန်း ၅၀၀၀ ရလိုကြောင်း တရားမမှုအဖြစ်လျှောက်ထားမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက လက်ခံခဲ့သည်
Published on Dec 8, 2020
လက်ရှိသက်တမ်းအတွင်း တင်သွင်းထားပြီး မဆွေးနွေးရသေးသည့် မေးခွန်းနှင့်အဆိုများ ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေးများ ဆုံးရှုံးရသည်ဟု လက်ရှိကိုယ်စားလှယ်အချို့က ဝေဖန်သည်
Published on Dec 8, 2020
စစ်အစိုးရလက်ထက်တွင် ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးအောင်ကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်
Published on Dec 1, 2020
ရွေးကောက်ပွဲကော်မရှင်၏ မတရားမှုများကို ဖော်ထုတ်နေခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်ကို လက်ခံသည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက ဆိုပြီး မဲရလဒ်ကွာခြားလွန်းသည်ဖြစ်၍ အကျိုးရလဒ်မပေါ်နိုင်ဟု ဥပဒေကျွမ်းကျင်သူက သုံးသပ်ထားသည်
Published on Nov 24, 2020
ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက ဆန္ဒဖော်ထုတ်ပြီးနောက် ပျော်ဘွယ်မြို့တွင် သရဲ၊ တစ္ဆေအစိမ်းများ ထွက်စေရမည်ဟု ပြောဆိုလှုံ့ဆော်မှုများရှိနေသည်ဟု ပြည်ခိုင်ဖြိုးပါတီဘက်က ဆိုသော်လည်း ရိုးရာဓလေ့အရ သံပုံးတီးပြီး မကောင်းဆိုးဝါးနှင့် ကပ်ထုတ်ခြင်းသာ ဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်
Published on Nov 23, 2020
ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဆိုသော ဝေဖန်ချက်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပြီး အခြေအမြစ်မရှိသောကြောင့် ထည့်သွင်းစဉ်းစားရန် မရှိဟု ဆိုလိုက်သည်
Published on Nov 11, 2020
အစိုးရဖွဲ့ရန် လိုအပ်သည့် ပမာဏကို ကျော်လွန်ရရှိပြီဟု NLD က ထုတ်ဖော်ပြောပြီးချိန်တွင် ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီအရေးဆိုရန် ကိစ္စများစွာ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးနှင့် ပါတီအချို့က ထုတ်ဖော်ပြောဆိုကြသည်
Published on Nov 10, 2020













