LNL

LNL
262 articles
လွှတ်တော်သစ်များ စတင်ပြီး အစိုးရသစ်ဖွဲ့စည်းတော့မည့်အချိန်တွင် တပ်မတော်က မဲစာရင်းအားနည်းချက် အကြောင်းပြုကန့်ကွက်လာပြီးနောက် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် အင်အားပြမှုများဖြင့် နိုင်ငံရေးအခြေအနေ တင်းမာလျက်ရှိသည်
Published on Jan 29, 2021
တပ်က ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်နေချိန်သည် တပ်ချုပ်ရာထူးသက်တမ်းက အကန့်အသတ်မဲ့မဟုတ်ဟု ပြောဆိုဖူးသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၅နှစ် ပြည့်တော့မည့် ကာလလည်း ဖြစ်သည်။
Published on Jan 29, 2021
“အာဏာမသိမ်းဟုမမှတ်ယူနိုင်”၊ “အခြေခံဥပဒေကိုဖျက်၍ရသည်”ဟု တပ်မတော်ကထုတ်ပြောလာချိန်တွင် ခြိမ်းခြောက်ခံရခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အနုတ်လက္ခဏာမှပြန်စရမည့် အဖြစ်မျိုးကို ခုခံနိုင်ရန် ရွေးကောက်ပွဲရလဒ်ဖြင့်ဖော်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ပြီးပြတ်အောင်မြင်အောင် လုပ်ရမည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်က တိုက်တွန်းသည်
Published on Jan 28, 2021
နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးများ မစတင်မီ 'တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်' ဟူသော လှုပ်ရှားမှုပြုလုပ်ရန် ဦးဆောင်နေသူ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်
Published on Jan 27, 2021
ကိုဗစ်ကာကွယ်ဆေးကို ရက်သတ္တလေးပတ် (၂၈ ရက်) ခြားကာ နှစ်ကြိမ်ထိုးနှံရမည့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ချိန်းဆိုသည့် နေ့ရက်၊ အချိန်နှင့် နေရာသို့ မပျက်မကွက်လာရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဗဟိုအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ပထမဦးစားပေးအဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး အရေအတွက်အားဖြင့် ၇ သိန်းခွဲခန့် ရှိသည်
Published on Jan 27, 2021
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ မြို့နယ်အတွင်း ပြုလုပ်မည့် တပ်ထောက်ခံပွဲနှင့် ပတ်သက်၍ ထောက်ပံ့ကူညီစရာ အကြောင်းမရှိဟု တပ်မတော်တာဝန်ရှိသူက ပြောဆိုသော်လည်း ထိုထောက်ခံပွဲအတွင်း 'တိုင်းပြုပြည်ပြု ကျောက်တိုင်' ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တိုက်ရိုက်အပ်နှံမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်နေသူ ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်၏ ပါတီက ပြောသည်
Published on Jan 26, 2021
၂၀၂၀ ရွေးကောက်ပွဲရလဒ် အသက်ဝင်မည့် ပြည်ထောင်စုအဆင့်လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတွင် ကိုဗစ်ပိုး မရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်
Published on Jan 24, 2021
“တပ်နှင့်ပြည်သူ ဒို့ရန်သူ” ဟု မှားယွင်းကြွေးကြော်ခဲ့သည့် ချီတက်ဆန္ဒပြပွဲအပြင် လယ်ဝေးနှင့် ဥတ္တရသီရိ မြို့နယ်များတွင်လည်း ရာနှင့်ချီသော ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက အင်အားပြလှည့်လည်ခဲ့ကြသည်
Published on Jan 22, 2021
နေပြည်တော်၌ ဇန်နဝါရီ ၂၉ တွင် ပြုလုပ်ရန်ရှိသော တပ်မတော်ထောက်ခံပွဲတွင် အကြမ်းဖက်ဖြိုခွင်းခံရပါက အသက်ပေးမည်ဟု ကြွေးကြော်ထားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား 'အဖေ' ဟု ရည်ညွှန်းပြောဆိုထားသူ မင်းသားကြီးနှင့်အဖွဲ့ကို နေပြည်တော်အနီးတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်
Published on Jan 22, 2021
၂၀၂၀ ရွေးကောက်ပွဲရလဒ် အသက်ဝင်မည့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ မစတင်မီ သုံးရက်အလို ဇန်နဝါရီ ၂၉ တွင် အမျိုးသားရေးသမားဟုဆိုသူများက နေပြည်တော်၌ တပ်မတော်ကို ထောက်ခံသည့် လှုပ်ရှားမှုပြုလုပ်ရန် စီစဉ်နေသည်
Published on Jan 21, 2021
ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း စာမျက်နှာ ၄ မျက်နှာပါ တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်
Published on Jan 21, 2021
အနိုင်ရ NLD ပါတီဝင် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများကို စတင်ကြားနာမည်ဖြစ်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင်ရ NLD ကိုယ်စားလှယ်နှင့် ဒုတိယရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များအကြား မဲကွာဟချက်မှာ အနည်းဆုံး ၂၄,၀၀၀ မှ အများဆုံး ၂၅၀,၀၀၀ ကျော် အထိရှိသည်
Published on Jan 20, 2021













