နောက်ဆုံးရသတင်းများ

    အတွေးအမြင်

      March 20, 2024

      အရှေ့လေကို ဘယ်သူအန်တုမလဲ

      နွေဦးတော်လှန်ရေးအတွင်းမှာ ပါဝင်မောင်းနှင်နေကြသော အင်းအားစုများကို လေ့လာကြည့်ပါက နှစ်မျိုးနှစ်စား ရှိသည်ဟု အကြမ်းဖျင်းမှတ်ယူနိုင်သည်။ (၁) နွေဦးတော်လှန်ရေးမတိုင်မီကတည်းက တည်ရှိနှင့်ပြီးသော တော်လှန်ရေးအင်အားစုများနှင့် (၂) နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည်။ နွေဦးတော်လှန်ရေးမတိုင်မီကတည်းက တည်ရှိခဲ့သော တော်လှန်ရေးအင်အားစုများ ဤအင်အားစုများကို ERO (Ethnic Resistance…
      February 21, 2024

      ရိုဟင်ဂျာဒုက္ခသည်စခန်းများရဲ့ မီးဘေး သံသရာ

      စခန်းထဲ မီးလောင်နေပြီ ဆိုတဲ့ ဗလီအသံချဲ့စက်က သတိပေးသံကြောင့် ကျွန်တော်တို့မိသားစု အလန့်တကြား နိုးလာကြတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ ညသန်းခေါင်မှာပါ။ ကျွန်တော်တို့ ကြောက်လန့်ပြီး အပြင်ကို အမြန်ထွက်ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ လောင်နေတဲ့ မီးတောက်ကြီးကြောင့် မနက်မိုးလင်းနေသလားလို့တောင် ထင်မှတ်ရလောက်အောင်ပါပဲ။…
      February 20, 2024

      ဆန်းစစ်ရန်လိုအပ်သော ထိုင်း၏ “လူသားချင်းစာနာထောက်ထားမှု” လုပ်ငန်းစဉ်

      မြန်မာစစ်အုပ်စုဖန်တီးခဲ့သည့် အကျပ်အတည်းကို အဖြေရှာရာ၌ စစ်အုပ်စုကို အစိတ်အပိုင်းတစ်ခု အနေဖြင့် ဆက်ဆံနေခြင်းသည် အာရုံမှောက်မှားမှုသပ်သပ်သာဖြစ်သည်။
      January 31, 2024

      အသက်ရှူချောင်ဖို့အရေး ကိုးကန့်သစ္စာခံများကို ထိုးကျွေးလိုက်ခြင်းလော

      နေပြည်တော်တွင် လနှင့်ချီခိုလှုံခွင့်ပေးထားသည့် ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ကျားဖြန့်သံသယမှုဖြင့် တရုတ်က အလိုရှိနေသည့် ကိုးကန့်ကြံ့ခိုင်ရေးအမတ်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် သူဌေးကြီးများကို နောက်ဆုံးတွင် စစ်ကောင်စီက တရုတ်လက် ထိုးအပ်လိုက်ပြီဖြစ်သည်။ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်၍ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မှ စစ်တပ်ဩဇာခံ ခေါင်းဆောင်…
      January 26, 2024

      စစ်တပ်ခေါင်းဆောင်မှု ပြောင်းလဲရေး အလားအလာ

      အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဆုတ်ယုတ်လာမှုများကြောင့် စစ်တပ်သည် “တပ်ပြိုလဲခံမည်လား၊ တပ်ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်မည်လား” ဆိုသည်ကို ရွေးချယ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း တပ်တွင်းအခြေအနေများနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း Myanmar Now က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုခွင့် ရရှိခဲ့သော စစ်တပ်၏ ထိပ်တန်းစစ်အရာရှိဟောင်းတစ်ဦးက…
      January 2, 2024

      ရှမ်းလက်နက်ကိုင်အဖွဲ့များ မပါဝင်သော ရှမ်းပြည်နယ်တိုက်ပွဲများ

      ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲ ရှမ်းတွေက ကြိုက်မယ်လို့ မထင်။ ဒါပေမဲ့ ဒီစစ်ပွဲကို သူတို့ ရှုတ်ချရမှာလား။ အဲဒီလို ပြောဖို့လည်း သူတို့ဆန္ဒမရှိ။ အကြမ်းဖက်မင်းအောင်လှိုင်စစ်တပ်ဆိုတာ ရှမ်းတိုင်းရင်းသားတွေကို သမိုင်းတစ်ခုလုံး အနိုင်ကျင့် ဗိုလ်ကျလာခဲ့တာပဲ။ ဒါပေမဲ့ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့၊…
      December 27, 2023

      မွန်တွေ ခင်းတဲ့ စစ်တလင်းကပဲ မွန်တွေအတွက် ခံသာလေမလား

      ညီနောင်မဟာမိတ် ၃ ဖွဲ့ စလိုက်တဲ့ ရှမ်းမြောက်၊ ရခိုင်ဒေသ စစ်ပွဲတွေကြောင့် မွန်ပြည်နယ်မှာလည်း အဓိကလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တွေက သူတို့ပြည်သူတွေရဲ့ ဖိအား ပိုခံရတာ တွေ့ရတယ်။ မွန်ပြည်သစ်ပါတီက စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘက်မလိုက်တဲ့ မူဝါဒ ကျင့်သုံးနေခဲ့တာပါ။…
      December 12, 2023

      တရုတ်နှင့် အိန္ဒိယ ပြည်သူ့ဘက်ရပ်လျှင် စစ်ရှုံးနေသော စစ်ကောင်စီ ပြိုလဲနိုင်

      မြန်မာပြည်အရှေ့မြောက် ကိုးကန့်ဒေသမှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ကာလ ၄၅ ရက် ကျော်လာချိန်တွင် နိုင်ငံအနှံ့ရှိ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များ (Multi-ethnic Revolutionary Forces) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ…

      ရုပ်ပုံလွှာ

        January 26, 2024

        ရက်ပ်သီချင်းဖြင့် တော်လှန်ပုန်ကန်သူ မြို့ပြပြောက်ကျားတစ်ဦး၏ နောက်ဆုံးနေ့များ

        ဟစ်ဟော့တေးဂီတကို ရူးသွပ်ကြသည့် လူငယ်များထဲတွင် ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့်သား ကိုကောင်းမင်းသန့်လည်း အပါအဝင်ဖြစ်သည်။ FL3xx ဆိုသည့် အနုပညာအမည်ဖြင့် ဟစ်ဟော့သီချင်းများ၊ လက်တန်းစပ်ဆိုသည့် Rap များရေးဖွဲ့ရင်း၊ အောင်မြင်သည့် ဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်လာရန်အတွက် သူ့တွင်လည်း ရည်မှန်းချက်အပြည့်ရှိခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းတော့…
        August 3, 2023

        နန်းတွင်းစစ်ကြောရေးတွင် သေကံမရောက် သက်မပျောက်ခဲ့သူ

        အညာမြေ၏ ဇူလိုင်နံနက်ခင်းတစ်ခုတွင် နေထွက်ချိန်အစောပိုင်းဖြစ်သော်ငြား ပူပြင်းအိုက်စပ်နေသည်။ ထိုအပူဒဏ်ကို အန်တုကာ လူငယ်တစ်စုသည် ဝမ်းနည်းစွာဖြင့် အောက်မေ့ဖွယ်အခမ်းအနားတစ်ခု ပြုလုပ်နေသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သည့် အခမ်းအနားဆိုသော်လည်း ကျောင်းသားသမဂ္ဂအလံများ ချိတ်ဆွဲထားပြီး ရိုးရှင်းလှသည့် လူစုလူဝေး ဟောပြောပွဲတစ်ခုမျှသာ…
        June 18, 2023

        နိုင်ငံရေးလောကဓံ ကြံ့ကြံ့ခံနေသူ၏ အသက် ၈၀ ကျော် အစီအစဉ်

        သတ်ကွင်း၊ အကောက်ကြံမှု၊ အကျဥ်းချမှုတို့ကို ကြုံရသူ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ် ပြည့်ပြီဖြစ်ပြီး ၂၀၂၀ အလွန်အတွက် ပြင်ဆင်ခဲ့မှုများနှင့် မတူသည့်အခြေအနေကို ရင်ဆိုင်နေရသည်။
        May 18, 2023

        ကရင်နီဒေသဖြစ်ရပ်များကို ဓာတ်ပုံများနှင့် ပြောပြသူ

        လက်နက်ကြီးကျည်ထိသူ ၁၇ ဦးထဲမှ တစ်ဦး၏ ရုပ်အလောင်းကို ကမန်းကတန်းသယ်ယူ ဆုတ်ခွာလာမှု မှတ်တမ်းပုံက နိုင်ငံတကာဆုရခဲ့ပြီး ရိုက်ကူးသူတွင် စစ်မြေပြင်အကြောင်း ပြောစရာများစွာရှိနေသည်။
        May 5, 2023

        ဆယ်ဦးမြောက် KNU ဥက္ကဋ္ဌဖြစ်လာသူ 

        အငြင်းပွားမှုများနှင့်အတူ သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သော ၁၇ ကြိမ်မြောက်ညီလာခံ၌ လက်ရှိ KNU ဒုဥက္ကဋ္ဌဖြစ်သူ အသက် ၇၀ အရွယ် ပဒိုစောကွယ်ထူးဝင်း ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရသည်။
        March 28, 2023

        တောခိုရင်း အိုးသူကြီးဖြစ်လာသူ အင်းစိန်မှ ဆိုက်ကားဆရာ 

        ရှေ့တန်းထွက် စစ်တိုက်လိုသော်လည်း အသက် ၅၀ ကျော်အရွယ်မို့ အိုးသူကြီးတာဝန်ဖြင့်သာ ကျေနပ်နေရသည်ဟု အိုးသူကြီးတာဝန်ခံ ဆိုက်ကားသမားဟောင်းက ဆိုသည်။
        Back to top button