၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်း လူထုအကြားလှုပ်ရှားမှုကို ယနေ့ စက်တင်ဘာလ ၈ ရက်နံနက်တွင် စတင်ခဲ့သည်။ ကမာရွတ်မြို့နယ် ပါတီရုံးခန်းအတွင်း သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် ကမာရွတ်မြို့နယ်အတွက် ပြည်သူ့ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှ မဲဆွယ်ဆိုင်းဘုတ်များကိုင်ဆောင်ပြီး လှည်းတန်းလမ်းဆုံအထိ လမ်းလျှောက်ခဲ့ကြသည်။
ဓာတ်ပုံ-စိုင်းဇော်/Myanmar Now






